ဘိုင်ဒင်နှင့် ရှီကျင်းပင်တို့ နိုဝင်ဘာ ၁၅ ရက်၌ အွန်လိုင်းတွင် တွေ့ဆုံဖွယ်ရှိဟု အမေရိကန်မီဒီယာ ဖော်ပြ
ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေးပြဿနာတွေ၊ ကုန်သွယ်ရေးတို့နဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်လာတဲ့ အနေအထားမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ စိတ်ဝင်တစားစောင့်ဆိုင်းခဲ့ရတဲ့ တရုတ်သမ္မတရှီကျင်းပင်နဲ့ အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပမယ်လို့ မျှော်လင့်ကြောင်း အမေရိကန်မီဒီယာက ဖော်ပြခဲ့ပါတယ်။