ဗိုလ်ချုပ်ရုပ်တုကို လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံသို့ သယ်ဆောင်နေရာချထားမှုကို ကရင်နီလူငယ်ခေါင်းဆောင်များက သွားရောက်တားမြစ်ခဲ့
ကယားပြည်နယ်စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွိုင်ကော်မြို့ကန္ဒာဟေဝန်ပန်းခြံသို့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သယ်ဆောင်နေရာချထားရာ ကရင်နီလူငယ်ခေါင်းဆောင်တွေက သွားရောက်တားမြစ်ခဲ့ကြတယ်လို့ သိရပါတယ်။