ဟုမ္မလင်းမြို့နယ်ရှိ ဥရုကြိုးတံတားအား အဆင့်မြှင့်တင်မှု စတင် ဆောင်ရွက်နေသဖြင့် တံတားအသုံးပြုမှုအား ယာယီ ပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ ဥရုကြိုးတံတားကို အဆင့်မြှင့်တင်မှု စတင် ဆောင်ရွက်နေတာကြောင့် တံတားအသုံးပြုမှုကို နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ယာယီပိတ်ထားတယ်လို့ သိရပါတယ်။