ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၁၆၆ ဦးကို ပြန်လည် လွှဲပြောင်းလာရာ ၄၃ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိ
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၁၆၆ ဦးကို ပြန်လည် လွှဲပြောင်းလာရာ ၄၃ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိ
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၆၆ဦးကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက လွှဲပြောင်းခဲ့ကြောင်းသိရပြီး ၎င်းတို့ထဲမှ ၄၃ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။