မဲဆောက်ဈေးတွင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသားများအား ထိုင်းကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြူနီစပါယ်ဈေးကြီးမှာ ဈေးရောင်းနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းကျန်းမာရေးဌာနမှ နိုဝင်ဘာ ၁၆ ရက်နေ့လည်ပိုင်းက COVID - 19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။