တောင်ကိုရီးယားတွင် COVID – 19 ကူးစက်မှုများ စံချိန်တင်မြင့်တက်
တောင်ကိုရီးယားနိုင်ငံမှာ COVID – 19 နဲ့အတူ ယှဉ်တွဲနေထိုင်ရေးအစီအစဉ်ရဲ့ပထမအဆင့်အနေနဲ့ ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို ဖြေလျှော့နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၃၂၉၂ ဦးရှိခဲ့တယ်လို့ ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးအေဂျင်စီ KDCA က နိုဝင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။