ကျိုက်နဲရေလယ်ဘုရားပွဲတော်အတွင်း ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် (၁၅) ဦးထက် မနည်းသေဆုံး

ကျိုက်နဲရေလယ်ဘုရားပွဲတော်အတွင်း ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် (၁၅) ဦးထက် မနည်းသေဆုံး
Published 21 November 2021

ကျိုက်နဲရေလယ်ဘုရားပွဲတော်အတွင်းဘုရားဖူးများတိုးဝှေ့ခြင်း၊ ပင်လယ်ရေလှိုင်းရိုက်ခတ်ခြင်းကြောင့် ဘုရားဖူး (၁၅) ဦးထက် မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးသူများအား ဆက်ရှာနေ

သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနဲ့ ဝဲကလောင်းကျေးရွာကြား ပင်လယ်ကမ်းခြေကနေ နှစ်မိုင်ခန့်အကွာ ပင်လယ်အတွင်း မှာရှိတဲ့ ကျိုက်နဲရေလယ်ဘုရားပွဲတော်မှာ ဒီကနေ့ နိုဝင်ဘာလ (၂၁) ရက်၊နံနက် (၇) နာရီအချိန်က ဘုရားဖူးတွေတိုးဝှေ့တာ၊ ပင် လယ်ရေလှိုင်းရိုက်ခတ်တာတွေကြောင့် ဘုရားဖူး (၁၅) ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေမှု တွေပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းတွေထံကရရှိတဲ့ ကနဦးသတင်းတွေ အရ သိရပါတယ်။