ဥရောပတစ်ဝန်းတွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွား
ဥရောပတစ်ဝန်းရှိ မြို့အများအပြားနဲ့ ပြင်သစ်ပိုင် နိုင်ငံရပ်ခြားနယ်မြေတချို့မှာ နိုဝင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်စည်းမျဉ်းတွေပြန်လည်ပြဋ္ဌာန်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုအသစ်တွေဖြစ်ပွားခဲ့ပြီး တခါတစ်ရံအကြမ်းဖက် အသွင်အဖြစ်သို့ ပြောင်းလဲခဲ့ကြပါတယ်။