■ မြန်မာမပါသော တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပ
■ တရုတ်ကဖိတ်ကြားသော်လည်း အာဆီယံနိုင်ငံအချို့က နိုင်ငံရေးရာထူးမရှိသူ ကိုယ်စားလှယ်သာ တက်ရောက်ရန် ဖိအားပေးသဖြင့် မြန်မာအနေဖြင့် မတက်ခဲ့ခြင်းဖြစ်ဟုဆို
မြန်မာနိုင်ငံ မပါဝင်တဲ့ တရုတ်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် တက်ရောက်လိမ့်မည်ဟု မြန်မာမပါသော အာဆီယံနိုင်ငံများက တရုတ်နိုင်ငံနှင့် သဘောတူခဲ့ကြသည်ဟု ဆိုင်ဖူဒင်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။