ကျိုက်နဲရေလယ်ဘုရားပွဲတွင် ရေနစ် ပျောက်ဆုံးသူများအနက်မှ ငါးဦး၏ ရုပ်အလောင်းများ ထပ်မံ ဆယ်ယူရရှိပြီး သေဆုံးသူ ၂၀ ဦးအထိ ရှိလာ
ကျိုက်နဲရေလယ်ဘုရားပွဲတွင် ရေနစ် ပျောက်ဆုံးသူများအနက်မှ နိုဝင်ဘာလ ၂၂ ရက် ညနေ ၄ နာရီ အချိန်ခန့်အထိ ရေနစ်ပျောက်ဆုံးနေသူ ငါးဦး၏ ရုပ်အလောင်းများ ထပ်မံဆယ်ယူရရှိခဲ့ပြီး သေဆုံးသူ ၂၀ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။