အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေစဉ် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးနေ
အစ္စရေးတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းကို ကာကွယ်တားဆီးနိုင်ရန် ကြိးပမ်းသည့်အနေဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး အလွန်ငယ်ရွယ်သည့် ကလေးငယ်များကို ၎င်းကာကွယ်ဆေး ထိုးနှံပေးသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်လာခဲ့သည်။