အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် မစ္စတာရှောင်တာနယ်တို့ကို လျှို့ဝှက်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားတဲ့ အမှုနှင့်ပတ်သက်ပြီး တရားလိုဖြစ်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကို စတင်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။