နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားကာ အဝင်အထွက်မရှိသလောက်နည်းပါးသွားပြီး ပလာဇာပတ်လည်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထား
■ သထုံမြို့နယ်အတွင်း ယနေ့နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ငါးကြိမ် ဖြစ်ပွားခဲ့
■ မိုးကုတ်မြို့ရှိ စူပါကော်ဖီမစ်ရုံးခွဲ ဓားပြတိုက်ခံရပြီး ရုံးခွဲမန်နေဂျာဖြစ်သူ အသတ်ခံရ
■ ကျင်ဆန်းကျော့ဂိတ်ပေါက်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုးယာဉ်မောင်းစနစ်ဖြင့် ယနေ့ စတင်စမ်းသပ်ဖွင့်လှစ်
■ ဘင်္ဂလားဒေ့ရှ်၏ ဝေးလံခေါင်သီသောကျွန်းတွင် ဘဂါၤလီဒုက္ခသည်များကိုထားရှိမှုတွင် ကြီးမားသောပြဿနာများရှိနေဟု ကြက်ခြေနီအဖွဲ့ သတိပေး
■ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြသူများကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုငွေ့များဖြင့် လူစုခွဲ
■ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာသော ဂျာမနီတွင် ကိုဗစ်ဖြင့်သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိလာ
■ နည်းပြသက်တမ်း ကုန်ဆုံးပါက ယူနိုက်တက်၏ နည်းစနစ်အကြံပေးအဖြစ် ရန်းနစ် (၂)နှစ် စာချုပ်ချုပ်ဆိုဖွယ်ရှိ
ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။