နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စီမံကိန်းအတွက် မြေကွက်ချပေးခြင်းအပေါ် အဂတိလိုက်စားမှုဖြင့် အတိုင်ပင်ခံအား တရားစွဲဆိုထားသည့် အမှုနှစ်မှု၏ တရားလိုပြသက်သေအား ပြန်လှန်စစ်မေး
နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်တဲ့ စီမံကိန်းတွေအတွက် မြေကွက်ချပေးတဲ့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမြို့ တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ၂ ဦးမင်းသူတို့ကို တရားစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး တရားလိုပြသက်သေကို စွပ်စွဲခံသူတွေရဲ့ ရှေ့နေတွေက ပြန်လည်စစ် မေးမှုပြုလုပ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။