ငြိမ်းချမ်းရေးနိုဘယ်ဆု တက်ရောက်ရယူမည့် ဂျာနယ်လစ် မာရီယာ ရက်ဆာ၏ ခရီးစဉ်ကို ဖိလစ်ပိုင်အစိုးရ ကန့်ကွက်
လာမယ့်လတွင် ပြုလုပ်မယ့် နိုဘယ်ဆု ပေးပွဲအခမ်းအနားတွင် ဆုကို ကိုယ်တိုင်တက် ရောက်ရယူဖို့အတွက် နော်ဝေနိုင်ငံ အော်စလိုမြို့ သို့သွားရောက်မယ့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရှင် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာရဲ့ ခရီးစဉ်ကို ဖိလစ်ပိုင်အစိုးရ ရှေ့နေတွေက ကန့်ကွက်ခဲ့ပြီး တရားရုံးမှတ်တမ်းတွေအရ ရက်ဆာဟာ ၎င်းရဲ့ အမှုကို ရင်မဆိုင်ရမီ အချိန်မှာပဲ နိုင်ငံအတွင်းမှ ထွက်ပြေးသွားဖွယ် ရှိတယ်လို့ ရှေ့နေများက ပြောကြားခဲ့ပါတယ်။