PR စနစ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲ မကျင်းပမီ ပြီးစီးရန် ဆောင်ရွက်သွားမည်ဟု UEC အဖွဲ့ဝင် ပြောကြား
PR (အချိုးကျကိုယ်စားပြုနစ်)နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများကို ကြိုတင်လျာထားထားပြီး ဥပဒေမူဘောင်အရနှင့် အားလုံး၏ သဘောတူညီချက် ဒီဇိုင်းရပြီဆိုပါက ဆောင်ရွက်နိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မကျင်းပမီ ပြီးစီးဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။