မြဝတီနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လှိုင်ဝစစ်ဆေးရေးဂိတ်တွင် ကုန်သယ်ယာဉ်များအား အဖွဲ့စုံဖြင့်စစ်ဆေးတော့မည်ဟု ဆို
မြဝတီ - ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာရှိတဲ့ ကော့ကရိတ်မြို့အထွက် လှိုင်ဝဂိတ်နေရာမှာ ကုန်သွယ်ယာဉ်တွေ တရားမဝင်ကုန်သွယ်မှုမရှိစေဖို့ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကာ အဖွဲ့စုံနဲ့ စစ်ဆေးတော့မယ်လို့ သိရပါတယ်။