နှစ်နှစ်နီးပါးပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ခဲ့သော ချောင်းသာကမ်းခြေသို့ လာရောက်သူ လျော့နည်း၍ ကမ်းခြေအမှီပြုဈေးရောင်းသူများ စားဝတ်နေရေးခက်ခဲနေဟုဆို
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေကို ကိုဗစ်လှိုင်းဂယက်ကြောင့် (၂) နှစ်နီးပါးပိတ် ထားခဲ့ရာကနေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပေမယ့် လာရောက်သူဟာ အရင်ကထက်များစွာလျော့ကျသွားခဲ့ပြီး ကမ်းခြေကိုအမှီပြု ပြီး ဈေးရောင်းချနေသူတွေအတွက် မိသားစုစားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။