မိုးညှင်းမြို့နယ်၊ မော်ဟန်ရဲစခန်းရှေ့တွင် ဝက်များ တင်လာသည့် မော်တော်ယာဉ်ကို တားဆီးရာ ချက်ချင်း မရပ်သဖြင့် ပစ်ခတ်ရာ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ
မိုးညှင်းမြို့နယ်၊ မော်ဟန်ရဲစခန်းရှေ့မှာ နိုဝင်ဘာ ၂၈ ရက်၊ ညနေ ၆ နာရီကျော်က ဝက်တွေ တင်လာတဲ့ ဟိုက်ဂျက်ယာဉ်ကို တားဆီးရာ ချက်ချင်းမရပ်တဲ့အတွက် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေဆီက သိရပါတယ်။