ပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ၊ အတိုင်ပင်ခံနှင့် ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့်အမှု အပါအဝင် တရားစွဲဆိုထားသည်အမှု သုံးမှုအား ယနေ့ အမိန့်မချဖြစ်
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတ ဦးဝင်းမြင့် ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ယနေ့ (နိုဝင်ဘာ ၃၀ ရက်) ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်ချမှတ်ခဲ့ခြင်း မရှိကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရပါတယ်