အိုမီခရွန်မျိုး ကွဲကူးစက်သည့်လူနာများတွင် လက္ခဏာမပြင်းထန်ဟု တောင်အာဖရိကဆရာဝန်ပြော
မျိုးမတူတဲ့ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကို ပထမဆုံးသံသယဖြစ်သတိပြုမိခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ တောင်အာဖရိကဆရာဝန်ဒေါက်တာ အန်ဂျလိကူဇီ က အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကူးထားသူတွေမှာပြတဲ့လက္ခဏာဟာ ခုထိတော့ပြင်းတာမတွေ့ရဘဲ အိမ်မှာကုသနိုင်တယ်လို့ ရိုက်တာသတင်းဌာနကိုပြောဆိုထားပါတယ်။