Yangon Petrol စက်သုံးဆီဆိုင်တည်ဆောက်မည့် ဥက္ကလာဂေါက်ကွင်းအနီးရှိ မြေနေရာသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာ ဟုဆိုကာ တပ်စည်ပင်မှ ကန့်ကွက်ထား
Yangon Petrol (YP) စက်သုံးဆီဆိုင် တည်ဆောက်မဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဂန္ဓမာလမ်းဥက္ကလာ ဂေါက်ကွင်းအနီးရှိ မြေနေရာမှာ အငြင်းပွားနေတဲ့မြေနေရာဖြစ်တာကြောင့် တပ်ဘက်က ကန့်ကွက်ထားတယ်လို့ တပ်မြို့စည်ပင်အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောပါတယ်။