မျိုးဗီဇပြောင်းCOVID-19ရောဂါပိုး နိုင်ငံအတွင်းသို့ မဝင်ရောက်စေရန်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရမည်

မျိုးဗီဇပြောင်းCOVID-19ရောဂါပိုး နိုင်ငံအတွင်းသို့ မဝင်ရောက်စေရန်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရမည်
Published 2 December 2021

စိုးရိမ်ဖွယ် ကူးစက်ပျံနှံ့မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း COVID-19 ရောဂါပိုး မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရန်နှင့် ရောဂါပိုး ဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်ခု အဖြစ် ကြီးမားစွာ မဖြစ်စေရန် ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများ နှင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ ကို စနစ်တကျ စီမံခန့်ခွဲ ရေးဆွဲ ၍ အချိန်နှင့် တပြေးညီဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေက နေပြည်တော် ကျန်းမာရေးဝန်ကြီး ဌာန၌ ကျင်းပသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်၊