အတိုင်ပင်ခံ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ၃ဦးနှင့် ရှောင်တာနယ်တို့ကို အမှု အတွက်စစ်မေးခြင်းများ ပြုလုပ်ခဲ့

အတိုင်ပင်ခံ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ၃ဦးနှင့် ရှောင်တာနယ်တို့ကို အမှု အတွက်စစ်မေးခြင်းများ ပြုလုပ်ခဲ့
Published 3 December 2021

အတိုင်ပင်ခံ၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် မစ္စတာရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှု အတွက် တရားလိုဖြစ်သူအား ပြန်လှန်စစ်မေးခြင်းများ ပြုလုပ်ခဲ့

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင် နှင့် သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအား ပြန်လှန်စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရပါတယ်။