လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ၅ ရပ်ကွက်ဈေးအနီး ပစ်သတ်ခံရ လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဒီဇင်ဘာ ၃ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ၅ ရပ်ကွက်ဈေးအနီး မြရတနာလမ်းပေါ်မှာသေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အဆိုပါမြို့နယ်နေသူတွေထံကနေ သိရပါတယ်။