မျိုးဗီဇပြောင်း COVID-19 ရောဂါပိုးနှင့်ပတ်သတ်၍ စိုးရိမ်ထိတ်လန့်စရာမလိုဘဲ ရောဂါကာကွယ်နည်းလမ်းများကိုသာ ဆက်လက်သတိပြုလိုက်နာဆောင်ရွက်ရန် အရေးကြီးဟု ပြောကြား
မျိုးဗီဇပြောင်း COVID-19 ရောဂါပိုး (Omicron) နှင့်ပတ်သတ်၍ အလွန် စိုးရိမ်ထိတ်လန့်စရာမလိုဘဲ ရောဂါကာကွယ်နည်းလမ်းများကိုသာ ဆက်လက်သတိပြုလိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်း နိုင်စိုး၏ တင်ပြထားချက်အရသိရပါတယ်၊