အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကို သတ်ဖြတ်နေမှုအတွက် တာလီဘန်အဖွဲ့ကို အမေရိကန်ဝေဖန်ရှုတ်ချ
အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများကိုစစ်ဆေးမေးမြန်းခြင်းမပြုဘဲသတ်ဖြတ်နေမှုအတွက် တာလီဘန်အဖွဲ့ကိုအမေရိကန်နှင့် မဟာမိတ်နိုင်ငံများကဝေဖန်ရှုတ်ချ
အာဖဂန်နစ္စတန်မှာအရင်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေကိုတာလီဘန်အဖွဲ့ကစစ်ဆေးမေးမြန်းခြင်းမပြုဘဲချက်ချင်းသတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကသတင်းထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့ အနောက် နိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေကဒီဇင်ဘာ ၄ ရက်မှာတာလီဘန်အဖွဲ့ကိုဝေဖန်ရှုတ်ချခဲ့ပြီးသတ်ဖြတ်မှုတွေကိုအလျင်အမြန် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။