ဘယ်ဂျီယံနိုင်ငံမြို့တော်ဘရပ်ဆဲလ်တွင် COVID-19 ဆိုင်ရာစည်းမျဉ်းများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် အဓိကရုဏ်း ဖြစ်ပွား
ဘယ်ဂျီယံနိုင်ငံ မြို့တော်ဘရပ်ဆဲလ်မှာ ဒီဇင်ဘာ ၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့ မဖြစ်မနေ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေနဲ့ မျက်ရည်ယို ဂတ်စ်တွေ အသုံးပြုပြီး လူစုခွဲဖြိုခွင်းခဲ့ပါတယ်။