စစ်ရေး၊ ကုန်သွယ်ရေးတို့ကို တိုးမြှင့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယသို့ အလည်အပတ် ရောက်ရှိ
အိန္ဒိယနိုင်ငံနှင့် စစ်ရေး၊ စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကပ်ရောဂါဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဒုတိယမြောက် ပင်လယ်ရပ်ခြား ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၆ ရက်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။