ထိုင်းနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲကူးစက်မှု စပိန်မှ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံသား တစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်
ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းတွင် စပိန်မှ ရောက်ရှိလာသည့် အမေရိကန်နိုင်ငံသား တစ်ဦးမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး
ယင်းသည် ထိုင်းနိုင်ငံတွင် ၎င်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ပထမဆုံး တွေ့ရှိမှုဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုခဲ့သည်။