ယူကရိန်းနယ်စပ်တွင် ဖြန့်ကြက်ချထားသည့် တပ်များကို ပြန်လည်ရုပ်သိမ်းခြင်းမရှိပါက ကြီးမားသည့် အကျိုးဆက်ကို ရင်ဆိုင်ရမည်ဟု အမေရိကန်က ရုရှားကို သတိပေး
ရုရှားအနေဖြင့် ယူကရိန်းနယ်စပ်မှာ ဖြန့်ကြက်ချထားတဲ့၎င်းရဲ့တပ်များကို ပြန် လည်ရုပ်သိမ်းရန် အမေရိကန်က ဒီဇင်ဘာ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပြီး အဲ့ဒီ့လို လုပ်ဆောင်ခြင်းမရှိပါက စက်မှုထိပ်သီးခုနစ် နိုင်ငံ (ဂျီ ၇) အဖွဲ့နဲ့ ၎င်းရဲ့ မဟာမိတ်များ မှာ ပြင်းထန်တဲ့ စီမံချက်များကို လုပ် ဆောင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။