မြစ်ဆုံရေကာတာသည် မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့်ဖြစ်ကြောင်းနှင့် ဧရာဝတီမြစ်အား ဖျက်ဆီးမည့် လုပ်ရပ်တိုင်းအား ရပ်တန့်ရန် အလေးအနက် တောင်းဆိုကြောင်း ကာဒီနယ် ချားလ်ဘို ပြောကြား
သန်းပေါင်းများစွာသော လယ်သမားများရဲ့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးမှုအလားအလာရှှိတဲ့ မြစ်ဆုံရေ ကာတာဟာ မြန်မာလူမျိုးများအတွက် သေဒဏ်ကြိုးမိန့်ဖြစ်ကြောင်းနဲ့ ဧရာဝတီမြစ်အား ဖျက်ဆီးမယ့် လုပ်ရပ် တိုင်းအား ရပ်တန့်ရန် အလေးအနက်တောင်းဆိုကြောင်း ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်ဘိုက ပြောကြားခဲ့ပါတယ်။