ကဘူးလ်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုအတွက် မည်သည့်အမေရိကန်စစ်သည်၊အရာရှိကိုမှ အရေးမယူဟု ပင်တဂွန်ထုတ်ပြန်
ပြီးခဲ့တဲ့သြဂုတ်လအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့မှာ အမေရိကန်က ဒရုန်းနဲ့ ပစ်မှတ်မှားပြီး ပစ်ခတ်လိုက်မှုကြောင့် ကလေးငယ် ခုနစ်ဦးအပါအဝင် အာဖဂန်အရပ်သား ၁၀ ဦးသေဆုံးခဲ့တဲ့ကိစ္စကို ပြန်လည်စိစစ်ပြီးနောက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဘယ်စစ်သည်၊ ဘယ်အရာရှိမှ အရေးယူခံရမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။