မွန်ပြည်နယ်တွင် ရဲစခန်းမှ အချုပ်သား ၁၇ ဦးအပါအဝင် ကိုဗစ်လူနာသစ်များခပ်စိတ်စိတ်တွေ့ရှိနေသဖြင့် သတိပြု
ပြီးခဲ့တဲ့ရက်ပိုင်းက ပေါင်မြို့မရဲစခန်းရှိ အချုပ်သား ၁၇ ဦးမှာ COVID-19 Positive တွေ့ရှိမှုဖြစ်စဉ်အပါအဝင် မွန်ပြည်နယ်မှာ ကိုဗစ်လူနာသစ်တွေ ခပ်စိတ်စိတ်တွေ့ရှိနေတဲ့အတွက် ပြည်သူတွေ သတိပြုသွားလာနေထိုင်ဖို့ လိုအပ်နေသေးတယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းနေပါတယ်။