ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရန် သဘောတူပြီးသားဖြစ်ပြီး စနစ်တကျပြင်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော
မန္တလေးတိုင်း မိတ္ထီလာလွင်ပြင် မုန်တိုင်ဒေသမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ တပ်မတော် ကြည်း၊ လေ အမြှောက်နှင့် သံချပ်ကာ တပ်ပေါင်းစုစစ်ဆင်ရေးလေ့ကျင့်ခန်း(ဘုရင့်နောင်)အပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။