ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာငှားရမ်းမှုနှင့် ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အဂတိဖြင့် စွဲဆိုထားသည့်အမှုတွင် ဦးဖြိုးမင်းသိန်းနှင့် ဒေါ်နီလာကျော်အား တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာငှားရမ်းမှုနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုပြသက်သေအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနဲ့ တိုင်းဒေသကြီး ဝန်ကြီးဟောင်း ဒေါ်နီလာကျော်တို့ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။