မန္တလေး၊ မင်္ဂလာမန္တလေးအိမ်ယာတွင် ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်ခံရ

မန္တလေး၊ မင်္ဂလာမန္တလေးအိမ်ယာတွင် ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်ခံရ
Published 18 December 2021

မန္တလေး၊ မင်္ဂလာမန္တလေးအိမ်ယာတွင် ငွေကျပ်သိန်း ၃၀၀၀ ဓားပြတိုက်ခံရပြီး ဖြစ်စဉ်တွင်အသုံးပြုခဲ့သည့် ယာဉ်၊ သေနတ်အတုနှင့် ငွေအချို့ ပိုင်ရှင်မဲ့ ပြန်လည်သိမ်းဆည်းရမိ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအိမ်ယာမြေညီထပ်မှာရှိတဲ့ ကုမ္ပဏီရုံးခန်းတစ်ခုမှာ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ငွေကျပ် သိန်း ၃၀၀၀ ဓားပြတိုက်ခံရမှုဖြစ်ပွားပြီး ဓားပြတိုက်ရာမှာအသုံးပြုခဲ့တဲ့ ယာဉ်အပါအဝင် သေနတ် အတုနဲ့ ငွေအချို့ကို အနီးရှိခြံအတွင်းကနေ ပိုင်ရှင်မဲ့ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။