လေးကေ့ကော်ဒေသတွင် ငါးရက်ဆက်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် ထိုင်းရောက်စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဆယ်မိုင်ခန့်အကွာ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ၅ ရက်ဆက်တိုက်ပွဲကြောင့် ထိုင်းရောက်စစ်ဘေးတွေဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။