မြောက်ဥက္ကလာပမြို့နယ်တွင် အငြိမ်းစားကျောင်းဆရာမတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အရှေ့ဒဂုံမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား
မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး သုနန္ဒာလမ်းသွယ် (၅)လမ်းထောင့်အနီးတွင် အငြိမ်းစား ကျောင်းဆရာမတစ်ဦး ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း အဆိုပါမြို့နယ်နေသူများထံမှ သိရပါတယ်။