အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနှင့်အတူ ဆိုးရွားသည့် ဆောင်းရာသီ ဖြစ်လိမ့်မည်
ကမ္ဘာတစ်ဝန်းတွင် အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနှင့်အတူ ဆိုးရွားသည့် ဆောင်းရာသီ ဖြစ်လိမ့်မည်ဟု အမေရိကန်ထိပ်သီး ကျန်းမာရေးအရာရှိ သတိပေး
ကမ္ဘာတစ်ဝန်းမှာ COVID-19 မျိုးကွဲ အိုမီခရွန်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်း အသစ်များ ကြုံတွေ့နေပြီး ကန့်သတ်ချက် စည်းမျဉ်းများချမှတ်ကာ ဆေးရုံများတွင် ဝန်ပိနိုင်တဲ့အခြေအနေကို စိုးရိမ်နေကြချိန်မှာ အမေရိကန်ထိပ်သီးကပ်ရောဂါအကြံ ပေး အန်သိုနီ ဖော်ချီက ဆိုးရွားတဲ့ ဆောင်း ရာသီဖြစ်လာလိမ့်မယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။