မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်
မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ ဒီဇင်ဘာလ (၂၀) ရက်က ကျိုက်မရော အကျဉ်းထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးက အလုပ်နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။