ထိုင်းတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ပြည်ပခရီးသွားများကို မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို ပြန်လည်ချမှတ်
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တစ်ရပ်အနေဖြင့် ကွာရန်တင်းကင်းလွတ်ခွင့် ပေးထားသည့် ခရီးသွားလာရေးအစီအစဉ်ကို ပြန်လည်ရုတ်သိမ်းပြီး ဒီဇင်ဘာ ၂၁ ရက်မှစတင်ကာ ပြည်ပခရီးသွားများကို မဖြစ်မနေ ကွာရန်တင်းဝင်ရမည့် စည်းကမ်းချက်များကို ပြန်လည်ပြဋ္ဌာန်းခဲ့ပါတယ်၊