မီးလောင်ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိတော့သည့် Solamoda-2 အထည်ချုပ်စက်ရုံမှ အလုပ်သမားများက
မီးလောင်ပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိတော့သည့် Solamoda-2 အထည်ချုပ်စက်ရုံမှ အလုပ်သမားများက ရှင်းပေးရန်ကျန်ရှိသည့် လုပ်ခလစာများ ရရှိရန်တောင်းဆို
ရွှေပြည်သာမြို့နယ်ရှိ Solamoda-2 အထည်ချုပ်စက်ရုံမှာ လွန်ခဲ့တဲ့ ကိုးလခန့်က မီးလောင်ခဲ့ပြီး လက်ရှိ အချိန် ထိ ပြန်ဖွင့်ခြင်းမရှိတဲ့အပေါ် အလုပ်သမားများက ၎င်းတို့၏ လုပ်ခလစာများ ရရှိရန် တောင်းဆို နေကြ ကြောင်း ဒီဇင်ဘာ ၂၇ ရက်မှာ အဆိုပါအလုပ်သမားအရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။