နမ့်ခမ်းမြို့ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်အား လူတစ်စုမှသေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့်
နမ့်ခမ်းမြို့ရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်အား လူတစ်စုမှသေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်းနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အမှတ် ၁၄ အောင်မေတ္တာရပ်ကွက် မိုင်းဝီး နမ့်ခမ်းသွား ကားလမ်းနှင့် စဝ်ကောလိ လမ်းထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်ကို ဒီဇင်ဘာလ ၂၇ ရက် နေ့လည် ၃ နာရီ ၄၅မိနစ်အချိန်ခန့်က လူတစ်စုက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း နှစ်ယောက် ထိမှန်ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။