လတ်တလောနှစ်တွေအတွင်း ဖိလစ်ပိုင်ကိုဝင်ခဲ့တဲ့ ကြောက်စရာအကောင်းဆုံးမုန်တိုင်းတစ်ခုလို့ဆိုရမယ့် ရိုင်တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ဒီဇင်ဘာလ ၂၇ ရက်မှာ ၃၈၈ ဦးဖြစ်လာပြီလို့ အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။မုန်တိုင်းအလွန် လူပျောက်ဦးရေ ၆၀ရှိပြီး ရာနဲ့ချီဒဏ်ရာရထားပါတယ်။