ဒေါ်လာ သန်း ၅၀ဝ ကျော်တန်ဖိုးရှိသည့် တောင်ကိုရီးယားစစ်သင်္ဘောအသစ်များ ဝယ်ယူမည်ဟု ဖိလစ်ပိုင် ပြောကြား
ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်မှာ တရုတ်နှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေချိန် တောင်ကိုရီးယားနိုင်ငံ ၏ Hyundai Heavy Industries ထံမှ စစ်သင်္ဘော အသစ်နှစ်စီးကို အော်ဒါမှာယူ ခဲ့တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာက ဒီဇင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ ဖိလစ်ပိုင်ရေတပ်ကို အဆင့်မြှင့်တင်တဲ့ လုပ်ဆောင်ချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။