■ COVID - 19 ရောဂါဖြစ်ပွားမှုအခြေအနေအရ မူလသတ်မှတ်ထားသည့် လူ ၁၀၀ ဦးအစား လူ ၂၀၀ ဦး စုဝေးခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်
■ ပခုက္ကူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးအချို့ နှုတ်ထွက်စာတင်
■ ဒေါ်အောင်ဆန်းစုကြည်၊စီမံ/ဘဏ္ဍာဝန်ကြီးဟောင်းသုံးဦးနှင့်ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအားဦးစိုးဝင်း၏ ကျန်းမာရေးမကောင်းသဖြင့် စစ်ဆေးနိုင်ခြင်းမရှိ
■ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမီးလောင်မှုဖြစ်ပွားခဲ့
■ လူအများအပြား အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနိုင်သည်ဟု ထိုင်းကျန်းမာရေးတာဝန်ရှိသူများ သတိပေး
■ ၂၀၂၂ အတွက် အမေရိကန်ဒေါ်လာ ၉၈.၅ဘီလျံ(ပီဆို ၅.၀၂၄ ထရီလျံ) ရှိ ဘက်ဂျက်ကို ဖိလစ်ပိုင်သမ္မတဒူတာတေး လက်မှတ်ထိုး
■ ပရီးမီးယားလိဂ်ပွဲစဉ်များ ရွှေ့ဆိုင်းနေခြင်းကို ဂယ်ရီနဗီးလ် ဝေဖန်