ဖိလစ်ပိုင်တွင် ကူးစက်မြန်အိုမီခရွန်မျိုးကွဲကြောင့် ကွာရန်တင်းစည်းကမ်းများ တင်းကျပ်မည်
ဖိလစ်ပိုင်နိုင်ငံမှာ အလွန်ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအိုမီခရွန်ကြောင့် ရောဂါကူးစက်မှုတွေမြင့်တက်လာမှာကို စိုးရိမ်တာကြောင့် မြို့တော်မနီလာမှာ ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို တင်းကျပ်သွားမယ်လို့ အစိုးရက ဒီဇင် ဘာ ၃၁ ရက်က ပြောကြားခဲ့ပါတယ်။