နမ့်ခမ်းမြို့တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားကာ ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့၏ တိုက်ပွဲဖြစ်ပွားကာ ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရ
Published 6 January 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်မှာ ဇန်နဝါရီ ၅ ရက်က တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တို့ရဲ့ ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောင်စန့်ကုန်းရပ်မှ ဟိုနားကျေးရွာမှ ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။