ပုသိမ်ကြီးမြို့နယ် လဝကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆောက်အဦးအစိတ်အပိုင်းတစ်ချို့နှင့် ကားနှစ်စီးပျက်စီး
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်လဝကရုံးမှာ ဇန်နဝါရီလ ၇ ရက်နေ့ ဒီကနေ့ နံနက် ၈ နာရီခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လဝကအဆောက်အဦအစိတ်ပိုင်းတစ်ချို့နဲ့ ကားနှစ်စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။